Stories of 8888, 20 years ago by newspaper clips of that time - 2

၈၈ အနှစ် ၂၀ - အခန်းဆက်များ

သတင်းစာများက ပြောတဲ့ ၈၈ အရေးတော်ပုံမြင်ကွင်း - ၂

မိုးမခ

သြဂုတ် ၂၈၊ ၂၀၀၈

၈၈ အရေးတော်ပုံကာလမှာ ကြေးမုံ၊ မြန်မာ့အလင်း၊ လုပ်သားပြည်သူ့နေစဉ်၊ ဗိုလ်တထောင် စတဲ့ သတင်းစာတွေမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို သတင်းခေါင်းစဉ်တွေ၊ ဓာတ်ပုံတွေ ဖတ်မိသမျှ မှာ ပြန်ကြည့်ပါ။

- ဦးနု လွမ်းသူ့ပန်းခွေချစဉ်၊ စက်မှုတက္ကသိုလ်ကျောင်းသားများအား ရည်စူး၍ ရေစက်ချ အမျှဝေ

- သန်း ၃၀ ကျော်ဖိုး နိုင်ငံပိုင်ပစ္စည်းများ ဆုံးရှုံးမှု အစိုးရနှင့် တာဝန်ရှိသူများကို ပြစ်တင်ရှုတ်ချ

- တပ်မတော်၊ ပြည်သူ့ရဲနှင့် ၀န်ထမ်းများအားလုံး ပါတီမှ နုတ်ထွက်

- သမဂ္ဂ (ယာယီ) အဖွဲ့များ ဆက်လက်ဖွဲ့စည်း

- ဆန်အခက်ကြုံသူများ ဆန်များ ရောင်းချပေး

- ဆန်ဝယ်ယူရေး၊ အဖျက်သမား နှိမ်နှင်းရေး တပ်မတော်မှ ကူညီမည်

- သံဃသမဂ္ဂ ဖွဲ့

- ရန်ကုန် သူနာပြု သင်တန်းသူများ ရန်ကုန်မြိျု့တွင်း ကြွေးကြော် လှည့်လည်ဆန္ဒပြကြစဉ်

- အထောက်တော် လှအောင် - သတင်းနေ့စဉ် ၁၅-၉-၁၉၈၈ ကစပြီး နေ့စဉ်ထုတ်မည်

- ဒီမိုကရေစီ ရရှိရေး လူထုဆန္ဒပြပွဲများ ဆက်၊ နယ်များတွင် ကြွေးကြော် ချီတက်

- ဖောက်ခွဲရေးသမား ဖမ်းဆီးရမိ (ဒိုက်ဦး)

- ဆေးတက္ကသိုလ် ၁ တွင် ပြုလုပ်သော ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် တင်ပြဆွေးနွေးစဉ်

- ဆန္ဒပြမှုများ တနေ့တခြား ကြီးထွား၊ ထိပ်တိုက်တွေ့မှု ရှောင်ကြဉ်မည်မျှော်လင့်ဟု ဗြိတိသျှအစိုးရ ကြေညာချက်ထုတ်

Comments