300 miles to walk to raise Burmese awareness

၈၈ စစ်ကြောင်း အမည်ဖြင့် မိုင် ၃၀၀ ခြေလျင်ခရီးစတင်

မိုးမခ အထောက်တော် ၀၀၂

စက်တင်ဘာ ၆၊ ၂၀၀၈

ယခင် မိုင် ၃ ထောင် ခြေလျင်ခရီးရှည် ချီတက်ပြီး မြန်မာအရေးနိုးဆော်သူ ကိုအေသင်နှင့် ကိုဇော်မင်းထွေးတို့နှင့်အတူ နယူးယောက်အခြေစိုက် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်က သံဃာတော် အရှင်ခေမိသာရနှင့် ရွှေဝါရောင်သံဃာ့အရေးတော်ပုံက သံဃာတော် အရှင် ပညာသီရိတို့ပါ ပူးပေါင်းပြီး နယူးယောက်မှသည် ၀ါရှင်တန်ဆီသို့ မိုင် ၃၀၀ ကျော် ခရီးရှည် ချီတက်ပွဲကို စက်တင်ဘာ ၂ ရက်က စတင်လိုက်ပြီ ဖြစ်သည်။

၈၈ စစ်ကြောင်းဟု အမည်ပေးထားသည့် ခြေလျင်ခရီးချီတက်သည့် အစီအစဉ်သည် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်၏ သြ၀ါဒကို ခံယူပြီး ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုသံဃာအဖွဲ့ချုပ်က စက်တင်ဘာ ၂၆ ရက်နေ့ကို ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ကြောင်း ကြေညာထားသည်။

Comments