Ashin Dhammapiya & Followers host 1st charity event to orphans from Nargis

ဆရာတော် ဦးဓမ္မပီယ နှင့် ဒကာ၊ ဒကာမများက နာဂစ်သင့် ခိုကိုးရာမဲ့ကလေးများအတွက် လှူ

မိုးမခ အထောက်တော် ၀၀၃

စက်တင်ဘာ ၃၊ ၂၀၀၈

သြဂုတ်လ ၂၆ နေ့က သင်္ကန်းကုန်းဒေသ၊ ငပုတော၊ လပွတ္တာမြို့နယ်များအတွင်း စာရင်းကောက်ခံရရှိသမျှ မိဘမဲ့ ကလေးသူငယ်များအတွက် ထောက်ပံ့တဲ့ အလှူဒါန ပြုခဲ့ကြတယ်လို့ သိရပါတယ်။ ကလေးသူငယ် ဦးရေ ၁၀၀ ကျော်အတွက် မြန်မာငွေ ကျပ်သိန်း ၂၀ ဖိုးခန့်ကို ထောက်ပံ့ငွေ ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ယခင် မိုးမခသတင်းမှာ ဖော်ပြခဲ့တဲ့ ငါးကျမ်းပြန်ကျောင်း ဆရာ၊ ဒကာများရဲ့ Child Aid Foundation ကနဦး အကြိုခြေလှမ်းအဖြစ် စုဆောင်းရရှိသမျှကို အကူအညီလိုနေတဲ့ ကလေးသူငယ်များဆီကို အမြန်ဆုံး ရောက်ရှိအောင် ပို့ပေးတာလို့ သိရပါတယ်။ မူလအစီအစဉ်အဖြစ် မျိုးစပါးတွေ ပေးပို့လှူဒါန်းဖို့ သွားရောက်တဲ့ ခရီးစဉ်နဲ့အတူ ကလေးသူငယ်များအတွက် ကူညီ ထောက်ပံ့ရေးကိုပါ စီစဉ်ခဲ့တာလို့ ဆိုပါတယ်။

မိဘမရှိတော့ပေမယ့် အဖိုး အဖွား ဆွေမျိုး မိတ်သင်္ဂဟများက လတ်တလော အရိပ်အာဝါသပေး စောင့်ရှောက်ထားကြတဲ့ မိဘမဲ့ကလေးသူငယ်များအတွက် လက်ငင်း အကူအညီ အထောက်အပံ့ ဖြစ်စေရန် စုဆောင်းမိသမျှကို စာရင်း ကောက်ယူပြီး ကူညီတာ ဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံမှတ်တမ်း တွေ့ရှိသလောက်ကို တင်ဆက်ပေးလိုက်ပါတယ်။

Comments