
ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ပညာပေးကာတွန်းများနဲ့ မှတ်စုဗလာစာအုပ် အင်တာနက်တွင် အခမဲ့ ဖြန့်၊ ကာတွန်း အော်ပီကျယ် လက်ရာများဖြင့် အမှတ်တရ သိမ်းဆည်းချင်စဖွယ် ဖြစ်
မိုးမခ အထောက်တော် ၀၀၃
စက်တင်ဘာ ၂၂၊ ၂၀၀၈
မိုးမခက အင်တာနက်အီးမေးကတဆင့် လက်ခံရရှိရာတွင် ပီဒီအက်ဖ်ပုံစံနှင့် ကာတွန်းလက်ရာများ ပါဝင်သည့် မှတ်စုဗလာစာအုပ် အမျိုးအစား ဖြစ်သည်ကို တွေ့ရသည်။ စာမျက်နှာပေါင်း ၇၀ ကျော်ပါဝင်ပြီး မြန်မာပြည်၏ နာမည်ကျော် ကာတွန်းဆရာ အော်ပီကျယ်၏ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ပညာပေးကာတွန်းသရုပ်ဖော်ပုံများကို ထည့်သွင်းထားသည်ကို ချစ်စရာ၊ သိမ်းဆည်း ပုံနှိပ်ပြီး သုံးစွဲချင်စရာ၊ လက်ဆင့်ကမ်း လက်ဆောင်ပေးချင်စရာ ပြုလုပ်ထားသည်ကို တွေ့ရသည်။
ကာတွန်း အော်ပီကျယ်သည် ၁၉၈၀ ခုနှစ်များကတည်းကစပြီး မဂ္ဂဇင်းကာတွန်းဆရာအဖြစ် ထင်ရှားသူဖြစ်သည်။ ကွန်ပျူတာသုံး သရုပ်ဖော် ဒီဇိုင်းလုပ်ငန်းကိုလည်း ကျွမ်းကျင်သည်။ စာနယ်ဇင်းဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးပွဲများကို ပြည်ပတွင် တက်ရောက်ခဲ့သူလည်း ဖြစ်သည်။ နောက်ပိုင်းတွင် ကလေးသူငယ်များနှင့် ပညာရေးဆိုင်ရာ သရုပ်ဖော်ပုံများ၊ ကာတွန်းများကို ရေးဆွဲလာသည်ကို တွေ့ရသည်။ ပြည်တွင်းက ဖူးငုံ မဂ္ဂဇင်းတွင် သမီးအော်ပီကျယ် ရှုဒေါင့်က ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုင်ရာ ကာတွန်းများ ရေးဆွဲခဲ့သည်။ နာဂစ် ဆိုင်ကလုံး ရန်ပုံငွေ ကာတွန်းပြပွဲအတွက် ရေးဆွဲသော ကာတွန်းများမှာ ထင်ရှားသည်။
![]() |
From Wake Up from Cyclone cartoon show for relief fund raising |
အနုပညာသည်ဟာ အနုပညာနဲ့ လှူတာ အမြင့်ဆုံးပါ ဟု သူက ကာတွန်းပြပွဲတွင် အမှတ်တရ စာ ရေးပေးခဲ့သည်။
ယခု အထက်ပါစာအုပ်ကို မိုးမခ စာချစ်သူတို့ အမှတ်တရ လက်ဆင့်ကမ်းနိုင်စေဖို့ တဆင့် ပြန်လည် ဖြန့်ဝေပေးလိုက်ပါသည်။ အဖြူအမည်း ဖြစ်စေ၊ ရောင်စုံ နှင့်ဖြစ်စေ ကွန်ပျုတာ ပုံနှိပ်စက်ကတဆင့် တကိုယ်သုံးနိုင်သလောက် ပုံနှိပ်ပြီး မှတ်စုစာအုပ်ကလေး ချုပ်၍ သုံးစွဲနိုင်ပါသည်။ ဒီကနေ ယူကြပါ။
Comments