Irrawaddy on the blog


ဧရာဝတီ ဘလော့ဂ်စာမျက်နှာ ဖွင့်လှစ်

မူရင်း ၀က်ဘ်ဆိုက် ပြင်ဆင်ဆဲ

မိုးမခအထောက်တော် ၀၀၂

စက်တင်ဘာ ၁၈၊ ၂၀၀၈

အင်တာနက်စာမျက်နှာ အနှောက်အယှက်ပေးခံနေရသည့် ဧရာဝတီသတင်းဌာနက ဘလော့ဂ်စာမျက်နှာ ဖွင့်ပြီး သတင်းများ ဆက်လက်ထုတ်လွှင့်လျက်ရှိသည်။

http://theirrawaddyburmese.blogspot.com ဘလော့ဂ်တွင် မြန်မာဘာသာ သတင်းများကို ဖတ်ရှုနိုင်ပြီး၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် သတင်းများကို http://theirrawaddy.blogspot.com တွင် ဖတ်ရှုနိုင်သည်။

“ယခုဘလော့သည် www.irrawaddy.org/bur/ ၏ ယာယီ အရံဆိုက်ဒ် ဖြစ်သည်။ ရွှေဝါရောင် တော်လှန်ရေး တနှစ်ပတ်လည် အကြိုနေ့ဖြစ်သော ၂၀၀၈ စက်တင်ဘာ ၁၇ ရက်နေ့တွင် ဧရာဝတီ ဝက်ဘ်ဆိုက်ဒ် တိုက်ခိုက် ခံခဲ့ရသောကြောင့် စာဖတ်ပရိသတ်များ ဆက်လက် ဖတ်ရှုနိုင်ရန်အတွက် ယခုဘလော့ကို ဖန်တီးသည်။” ဟု ဧရာဝတီက ဆိုသည်။

ယမန်နေ့ကစပြီး ဧရာဝတီ၏ မူရင်း ၀က်ဘ်ဆိုက် ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်။

ထင်ရှားသည့် မြန်မာသတင်းဌာနတခုဖြစ်သည့် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)လည်း ဧရာဝတီနည်းတူ တိုက်ခိုက်ခံနေရသည်။

Comments