BBC in Burmese

ဘီဘီစီဝက်ဘ်ဆိုက်မှာ မြန်မာလိုဖတ်နိုင်ပြီ
မိုးမခအထောက်တော် ၂
အောက်တိုဘာ ၃၀၊ ၂၀၀၈


ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဋ္ဌာနက ၎င်း၏ အင်တာနက်စာမျက်နှာကို မြန်မာဘာသာဖြင့် ဖော်ပြလိုက်သည်။
ယခင်က အင်္ဂလိပ်ဘာသာကိုသာ အသုံးပြုခဲ့ရာမှ ယမန်နေ့က စတင်ပြီး မြန်မာဘာသာဖြင့် ပြောင်းလဲဖော်ပြလိုက်ခြင်းဖြစ်သည်။ ယခင်ကကဲ့သို့ပင် ထိပ်တန်းရောက် မြန်မာ နှင့် ကမ္ဘာ့သတင်း အကျဉ်းချုပ်ကို ဖော်ပြထားသည်။ ပုံမှန်အစီအစဉ်များကိုလည်း အနည်းငယ် မိတ်ဆက် ရှင်းလင်းထားသည်။ ၇ ရက်စာ ထုတ်လွှင့်ချက်များ၊ ပုံမှန်အစီအစဉ်များကို ပြန်လည်နားဆင်နိုင်သည်။

၎င်း၏ပြိုင်ဘက် DVB, RFA, VOA စသည့် မြန်မာပိုင်းအသံလွှင့်ဌာန အင်တာနက်စာမျက်နှာများကမူ သတင်းများကို အစအဆုံး ဖော်ပြလေ့ရှိသည်။

ဘီဘီစီက အင်တာနက်လိပ်စာကိုမူ ပြောင်းလဲလိုက်သည်။ www.bbc.co.uk/burmese ဟူသော လိပ်စာဟောင်းတွင် myanmar ဟူသောစကားလုံးကို ပြောင်းလဲထည့်သွင်းထားသည်။

အပြောင်းအလဲအသစ်တွင် ဘီဘီစီက myanmar1 ဖောင့်ကို အသုံးပြုထားသည်။ ပီသရှင်းလင်းစွာ ဖတ်ရှုနိုင်ရေးအတွက် အဆိုပါဖောင့်ကို ကွန်ပျူတာတွင် ထည့်သွင်းရန် လိုအပ်မည်ဖြစ်သည်။ ညာဘက်ထောင့်ရှိ “မြန်မာဖောင့်ရယူရန်” ဟူသောနေရာကိုနှိပ်ပြီး myanmar1 ဖောင့်ကို ရယူနိုင်သည်။

အသံလွှင့်ဋ္ဌာန ၀က်ဆိုက်များတွင် အသုံးပြုသည့် ဖောင့် (font) များ
DVB - Wwin_Burmese
RFA - BIT
VOA - Zawgyi-One
BBC - Myanmar1

Comments