
အဆိပ်အတောက် ရွှေတြိဂံ ရှင်းတမ်း
တရုတ် စာနယ်ဇင်းသမားများ ရေးသည်။
ဖြူစင် ဘာသာပြန်သည်။
အခန်းဆက် ဘာသာပြန် မှတ်တမ်း
အောက်တိုဘာ ၁၀၊ ၂၀၀၈
စကားချီး - မိုးမခက သတင်းတွေတင်မဟုတ်၊ ပြည်တွင်းမှာ ထုတ်ဝေခွင့်မရတဲ့၊ ဖြန့်ချိလို့မရတဲ့ လွတ်လပ်တဲ့ စာစုံ၊ ရသစုံ၊ သုတစုံကိုလည်း တင်ဆက်ချင်တယ်။ ပြည်တွင်းက စာရေးသူတွေ လွတ်လွတ်လပ်လပ် ရေးလို့ရတဲ့ နေရာတခုအဖြစ်လည်း သူတို့ကိုယ်စား ရပ်တည်ပေးချင်တယ်။ စာမူခတော့ သိပ်မပေးနိုင်၊ တခါတလေလည်း လုံးဝ မပေးနိုင်။ မိုးမခ ၀ိုင်းတော်သားတွေကိုယ်တိုင်က အပြင်မှာ တောက်တိုမယ်ရလေးတွေ ရှာဖွေလုပ်ကိုင်ပြီး ထမင်းရှာစားရင်းနဲ့ ဒီ မိုးမခ စာနယ်ဇင်းကို ၀ိုင်းဝန်းမြုပ်နှံပေးနေကြတာဆိုတော့ စာနယ်ဇင်း ပစ္စည်းစရိတ်က ၀ိုင်းတော်သားတွေကို စားပစ်တယ်။ အခု ဒီစာကို အခန်းဆက်တင်မယ်။ စာမူခတော့ ဘယ်သူမှ မရဘူး။ ဗဟုသုတနဲ့ စဉ်းစားစရာတွေကတော့ မိုးမခချစ်သူ စာဖတ်ပရိသတ် အကုန်လုံး ရကြလိမ့်မယ်။ စာ လာ ဖတ်တာကိုပဲ မိုးမခက ကျေးဇူးတင်လှပြီ။ ကျေးဇူးတင်ပါတယ် ခင်ဗျား။ စာတတ်ပေတတ်တွေကတော့ ဒီလိုစာမျိုးကို သတင်းထောက်လှမ်းရေး မှတ်တမ်းစာ အဖြစ် သတ်မှတ်ကြတယ်လို့ ဆိုပါတယ်။ မိုးမခ ဒေ့ၝကွန်မှာ သွား၍ ဖတ်ကြည့်ပါခင်ဗျား။
Comments