အဆိပ်အတောက် ရွှေတြိဂံ ရှင်းတမ်း တရုတ် စာနယ်ဇင်းသမားများ ရေးသည်။ ဖြူစင် ဘာသာပြန်သည်။ အခန်းဆက် ဘာသာပြန် မှတ်တမ်း - ၂ အောက်တိုဘာ ၁၇၊ ၂၀၀၈ အပိုင်း (၁) ရွှေတြိဂံရဲ့ အကြီးမားဆုံးသော ကိန်းဂဏန်းအပြောင်းအလဲ အမေရိကန်ပြည်က ဂြိုဟ်တုအာရုံခံနည်းပညာကို သုံးပြီး ထပ် တဖန် ကွန်ပျူတာနည်းပညာနဲ့ပါ ကိုင်တွယ် ဆောင်ရွက်လာတဲ့ အခါ မြန်မာ ပြည်မြောက်ပိုင်း ရွှေတြိဂံနယ်မြေဒေသမှာ ဝ အဖွဲ့အစည်းဒေသ က ပင်မ အဓိကထားပြီး ပေါ်ပီပင် (poppy ဘိန်းပင်) စိုက်ပျိုးမှုမြေဧရိယာတိုးချဲ့မှုက မနှစ်ကထက် ကိန်းဂဏန်း အဆပေါင်း မြောက်များစွာ တိုးမြင့်လာတာကို တွေ့မြင်ကြရပါတယ်။ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုအတွက် ရည်စူးပြီး လက်နက်တပ်ဆင်ကြတဲ့ အကြီးမားဆုံး လှုပ်ရှားဆောင်ရွက်ချက် တွေအထဲမှာ အမေရိကန်ရဲ့ ဆောင်ရွက်ချက်က ဒီလိုရှိနေပါတယ်။ အမေရိကန်က ထိုင်းမြန်မာ နယ်စပ်မျဉ်းကြောင်းတလျှောက်မှာ စစ်ရေးနဲ့ ကိုင်တွယ် ရာမှာ ဝ ညွန့်ပေါင်း မဟာမိတ် စစ်တပ် အဖွဲ့အစည်းကို စစ်ဆင်ရေးပုံစံမျိုးနဲ့ ပြုမူဆောင်ရွက်ပြီး လေပြင်ဝေဟင်ကနေ ထိုးနှက် တိုက်ခိုက် လို့ နေပါတယ်။ | |
အဴပည့္အစုံသိုႛ ... |
Comments