မြန်မာပြည်မှ မှတ်တမ်းရုပ်ရှင် နိုင်ငံတကာသို့ခြေချ
မိုးမခအထောက်တော် ၀၀၃
အောက်တိုဘာ ၅၊ ၂၀၀၈
မိုးမခအထောက်တော် ၀၀၃
အောက်တိုဘာ ၅၊ ၂၀၀၈
ဒါရိုက်တာကြည်ဖြူရှင်ရိုက်ကူးဖန်တီးသည့် မှတ်တမ်းရုပ်ရှင်ကားတခုသည် National Geographic အဖွဲ့ကြီး၏ ရုပ်ရှင်ပြပွဲအတွက် ရွေးချယ်ခံခဲ့ရပြီး အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော်တွင် ယနေ့ပြသမည်ဖြစ်သည်။ ရန်ကုန်မြို့မှ ပန်းချီဆရာ ၀သုန်အကြောင်းကို ရိုက်ကူးထားသည့် ၁၅ မိနစ်ကြာ ဇာတ်ကားတိုကို All Roads Film ရုပ်ရှင်ပွဲတော်တွင် ကမ္ဘာအရပ်ရပ်မှ မှတ်တမ်းရုပ်ရှင်များနှင့်အတူ ပြသခြင်းဖြစ်သည်။
ပွဲတော်သို့ မသွားရောက်မီ ကြည်ဖြူရှင်က “ဒီတခါ ရိုက်မယ်ဆိုရင် ရုပ်သေးရုပ်တရုပ်ဖြစ်အောင် ဖန်တီးတဲ့ ရုပ်သေးဆရာအကြောင်း ရိုက်ဖြစ်မယ်” ဟု ရန်ကုန်မြို့တွင် ထုတ်ဝေသော Bi Weekly Elevenသို့ ပြောကြားလိုက်သည်။
၂၀၀၅ ခုနှစ်က ရန်ကုန်တွင် ၃ ပတ်ကြာပြုလုပ်ခဲ့သည့် နိုင်ငံတကာပညာရှင်များပါဝင်သော မှတ်တမ်းရုပ်ရှင်ရိုက်ကူးနည်း ဆွေးနွေးပွဲတွင် လူငယ် ၁၂ ဦး တက်ရောက်ခဲ့သည်။ ယမန်နှစ်က ထိုလူငယ်တို့၏ လက်ရာအချို့ နိုင်ငံတကာပြပွဲများသို့ ရောက်ရှိခဲ့ရာ http://www.fifeq.ca/en/schedule/montreal.php တွင် လေ့လာမြည်းစမ်း၊ ၀ယ်ယူနိုင်သည်။

ကြည်ဖြူရှင်၏ http://www.kyiphyushin.com/ တွင် သူမ၏လှုပ်ရှားမှုများကို ဖော်ပြထားသည်။ (ဓာတ်ပုံ-ခွာနီး၊ ၂၀၀၃)
ပန်းချီဝသုန် (ဓာတ်ပုံ - flicker.com ၂၀၀၈)

Comments