Burmese Lawyer U Aung Thein - Last testimonial before sentenced



တရားရုံးကို မထီမဲ့မြင်ပြုသည်ဟု စွတ်စွဲခံရသည့် ရှေ့နေဦးအောင်သိန်း၏

ထောင်ဒဏ်မကျခံရမီ ရုံးတော်သို့ လျှောက်ထားချက် လက်ခံရရှိ

မိုးမခ

နိုဝင်ဘာ ၁၂၊ ၂၀၀၈

ယခုရက်ပိုင်းအတွင်း တရားရုံးကို မထီမဲ့မြင်ပြုသည်ဟု စွတ်စွဲခံရပြီး မျက်ကွယ်တွင် ထောင်ဒဏ်နှင့် ဖမ်းဆီးထောင်ချခံလိုက်ရသူ ဦးအောင်သိန်း၏ တရားရုံးတော်သို့ နောက်ဆုံး တင်ပြခဲ့သည့် လျှောက်လဲချက်ကို အမည်မဖော်ပြလိုသည့် တရားရေးဝန်ထမ်းတဦး ဆိုသည့် ပေးစာဖြင့် လက်ခံရရှိခဲ့သည်။ မြန်မာပြည် စစ်အစိုးရလက်အောက်တွင် တရားရေးမဏ္ဍိုင် ကျဆုံးပျက်စီးနေပုံကို လေ့လာသိရှိနိုင်ရန် လျှောက်ထားချက်မိတ္တူကို တင်ပြလိုက်ရပေသည်။


Comments