Saw Wai poem 01

ဖေဖော်ဝါရီဆယ့်လေး
စောဝေ
နိုဝင်ဘာ ၁၀၊ ၂၀၀၈
အာရင်ဘက်က ပြောတယ်
နာနာခံစားတတ်မှ ခံစားမှ
ရူးရူးမူးမူးကို ဖြစ်နေမှ
ကြီးမြတ်တဲ့အနုပညာလို့
မှူးမှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ
ကြီးတောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါ တဲ့
သန်းပေါင်းများစွာသော ချစ်တတ်သူများ
ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။ ။

1.10.2008

(မူရင်း-အချစ်ဂျာနယ်၊ ဇန်န၀ါရီ ၂၁၊ ၂၀၀၈)

Comments