မျှော်လင့်ခြင်း
ကြည်မောင်သန်း
ဒီဇင်ဘာ ၁၄၊ ၂၀၀၈
ကြည်မောင်သန်း
ဒီဇင်ဘာ ၁၄၊ ၂၀၀၈
သူမက
ကျကွဲသွားတဲ့ ယဉ်ကျေးမှု
ကျနော်က
မပျော်ရွှင်တဲ့ …
လှိုင်းလုံးကြီးတွေ တလုံးပြီးတလုံး
ဖြတ်မောင်းသွားတာကို
ကျနော် ချောင်းကြည့်နေမိရဲ့
ကလေးတယောက်ရဲ့ ဦးခေါင်းထဲကို
ရောင်စုံခဲတံတွေ ထိုးထည့်ခဲ့ကြတယ်
ငွေနဲ့ အညှို့ခံရတဲ့ဘဝ
ငွေနဲ့ အညှို့ခံရတဲ့ အချိန်ကာလ
တစ်ဆို့နေတဲ့ လည်ပင်းထဲကို
ရှောရှောရှူရှူ သီချင်းတပုဒ်လောက်
ဘယ်တော့များမှ စီးဆင်းပါ့မလဲ။ ။
[ မူရင်း - မဟေသီမဂ္ဂဇင်း၊ ၂၀၀၆ ဇွန်လ ]
Comments