2 Year Anniversary of Passing of Tin Moe

ကဗျာဆရာကြီး တင်မိုး ကွယ်လွန်ခြင်း ၂ နှစ်ပြည့် မိသားစုနှင့် မိတ်ဆွေများ ဆွမ်းကပ်ကြမည်

မိုးမခ အထောက်တော် ၀၀၂

ဇန်န၀ါရီ ၂၂၊ ၂၀၀၉

၂၀၀၇ ဇန်န၀ါရီ ၂၂ က အမေရိကန်ပြည်၊ အယ်လ်အေမြို့တွင် ကဗျာဆရာကြီး တင်မိုး ကွယ်လွန်ခဲ့သည်မှာ ယခုဆိုလျင် ၂ နှစ်ပြည့်မြောက်တော့မည် ဖြစ်သည်။ ဆရာကြီး၏ မိသားစုများနှင့် ရပ်နီး ရပ်ဝေးက စာပေမိတ်ဆွေများ၊ စာပေချစ်သူ ပရိသတ်များက ယခု ကွယ်လွန်ခြင်း ၂ နှစ်ပြည့် ဆွမ်းကျွေး အလှူများ အသီးသီး ပြုလုပ်ကြမည်ဟု သိရသည်။


ဆရာ၏ ကျန်ရစ်သူ သမီးများနှင့် မိသားစုတို့က ၎င်းတို့ရောက်ရှိရာ ဒေသများတွင် ဘုန်းတော်ကြီးများကို ဖိတ်ကြားပြီး သင်္ကန်းကပ်၊ ဆွမ်းကပ်ကြမည် ဆိုသည်။ သမီး မိုးမိုးစံနှင့် မိသားစုက ရန်ကုန်မြို့တွင်၎င်း၊ သမီး မိုးမိုးအေးနှင့် မိုးမိုးနှင်း မိသားစုတို့က ဘယ်လဂျီယံတွင်၎င်း၊ သမီး မိုးချိုသင်းနှင့် မိသားစုက အမေရိကန်၊ အယ်လ်အေမြို့တို့တွင် အလှူအတမ်းများ ပြုလုပ်ကြမည်ဟု သိရသည်။


ဆရာ့မိတ်ဆွေ ကဗျာဆရာ မောင်စွမ်းရည်၊ ဘားမားတူဒေး သတင်းဌာန၊ ပြည်သူ့အမြင်သတင်းစဉ်နှင့် မိတ်ဆွေများက နယူးယောက်မြို့၊ ဆရာ့မိတ်ဆွေ ဒါရိုက်တာဝင်းဖေ မိသားစုနှင့် မိတ်ဆွေများက ၀ါရှင်တန်ဒီစီ်၊ ဆရာမိတ်ဆွေ ဂီတပညာရှင် မာမာအေးက ဖို့တ်ဝိန်းမြို့ နှင့် ဆရာကြီး၏စာပေချစ်သူ မိတ်ဆွေများနှင့် မိုးမခမီဒီယာက ဆန်ဖရန်စစ္စကိုမြို့တို့တွင် ယခုလာမည့် စနေ၊ တနင်္ဂနွေနှင့် တနလာင်္နေ့တို့တွင် ဘုန်းတော်ကြီးကျောင်းများမှာ ဆွမ်းကျွေးအလှူများ ကျင်းပကြမည်ဟု ဆိုသည်။ အခြား ဒေသများနှင့် နိုင်ငံရပ်ခြားရောက် မြန်မာမိသားစုများကလည်း ဆရာကြီး ဦးတင်မိုး အမှတ်တရ ကောင်းမှုကုသိုလ်များကို မိမိတို့ အစီအစဉ်များဖြင့် ဆောင်ရွက်ရန် စီစဉ်နေကြကြောင်း ကြားသိရသည်။

Comments