exodus of Chin ethnic from burma

ချင်းဒေသခံများ အိန္ဒိယသို့ အစုလိုက် အပြုံလိုက် ထွက်ပြေး
မိုးမခအထောက်တော် အမှတ် ဝဝ၆
ဇန်န၀ါရီ ၂၉၊ ၂၀၀၉

သိန်းနှင့်ချီသော ချင်းပြည်နယ်မှဒေသခံများသည် အိန္ဒိယသို့ ထွက်ပြေး ခိုလှုံနေရကြောင်း နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်သော Human Rights Watch (HRW)၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း အေအက်ဖ်ပီသတင်းဌာနက ဆိုသည်။ စားနပ်ရိက္ခာရှားပါးမှု၊ လုပ်အားပေး၊ အနိုင်ကျင့်နှိပ်စက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။

အဆိုပါ အစီရင်ခံစာကို ပြီးခဲ့သည့် ၃ နှစ်အတွင်း လူပေါင်း ၁၄ဝ နှင့် တွေ့ဆုံမေးမြန်းမှုမှ ရရှိသည့်အချက်အလက်များဖြင့် ပြုစုထားခြင်းဖြစ်သည်ဟု ဆိုသည်။ ချင်းပြည်တွင် ဖြစ်ပေါ်နေသော အဆိုပါ မတရားမှုများမှာ မြန်မာ့တပ်မတော် နှင့် ချင်းသူပုန်အဖွဲ့တို့၏ လက်ချက်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

အဆိုပါ မတရားပြုမှုများကို ရပ်ဆိုင်းရန် HRW အဖွဲ့ကြီးက တိုက်တွန်းထားသည်။ အိန္ဒိယနိုင်ငံကိုလည်း အဆိုပါ ထွက်ပြေးလာသူများကို အကာအကွယ်ပေးရန်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ အား ထွက်ပြေးလာသူများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်ပြုရန် မေတ္တာရပ်ခံထားသည်။

Comments