အရှိချင်းပေါင်း
မာမာအေး
ဇန်န၀ါရီ ၈၊ ၂၀၀၉
နှစ်သစ်ကို ကြို
ဘာလိုနေတာလဲ
ရင်ထဲ ခါခါထိ
တွေးမိသည်ပဲ။
အထဲနဲ့ အပြင်
ဆင်မတူတာတွေရော
အဆင်မတူတာတွေရော
ရောနှော အသေအချာ။
ထားလိုက်စမ်းပါ။
မင်း သွားမှာ ဘယ်ကိုလဲ
သူ သွားမှာ ဘယ်ကိုလဲ
အို …
တထပ်တည်းပါပဲ ကလား။
အစားက သူ့မှာရှိ
ကားက မင်းမှာရှိ
အရှိ အရှိချင်းပေါင်း
ပြတ်မှ ပြတ်။ ။
(ဇန်န၀ါရီ ၂၈၊ ၂၀၀၉)
Comments