တိုက်ပွဲပျော် ကဗျာဆရာ
ဖျာပုံ နီလုံဦး
ဇန်န၀ါရီ ၂၂၊ ၂၀၀၉
ဒီမိုကရေစီရေးနှင့်
လူ့အခွင့်အရေးအတွက်
ရှေ့တန်းတိုက်ပွဲ မျက်နှာစာရဲ့
ကဗျာတပ်ဦးမှာ
သင်ဟာ ကြီးမြတ်တဲ့ မဟာကဗျာဆရာ
သူရဲကောင်းတယောက်ပါပဲ။
ပြည်သူ့လွတ်မြောက်ရေးအတွက်
တိုက်ပွဲခြေလှမ်းသစ် လှမ်းရာမှာလည်း
ကဗျာတပ်မှူးကြီး အနေနဲ့
သင်ဟာ ရဲရင့်တည်ကြည်တဲ့
တကယ်သံမဏိ လူသားအမွန်ပါ …။
သင် ကြွေခဲ့ပေမယ့်
သင့်ကဗျာ သင့်စာတွေဟာ
မြန်မာပြည်အနှံ့ … ကမ္ဘာအနှံ့
ရေမြေတောတောင်အနှံ့ … မိုးကောင်းကင်အနှံ့
စီးဖြန့်မကုန် … မာန်ဟုန်မပျက်
ဝင်းလက် ကြွရွ … ရွှန်းပတောက်ကြွား
တို့ အသည်းနှလုံးကြားမှာ
မားမားမတ်မတ် … ထာဝရ ရပ်တည်နေမည် ဟု
တို့ အားလုံး ယုံကြည်လျက်ပါ။ ။
(၂၂-၀၁-၂၀၀၉ - ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း ၂ နှစ် မြောက် လွမ်းဆွတ်မှု အမှတ်တရ)
Comments