ယနေ့တွေ့ရသော အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ (ဓာတ်ပုံများ - AP )
အနာဂတ်အတွက် မျှော်လင့်ချက်မရှိဟု အတိုက်အခံ မှတ်ချက်ပြု
ဇန်န၀ါရီ ၄၊ ၂၀၀၉
အေပီသတင်းဌာန

ယနေ့ကျရောက်သည့် လွတ်လပ်ရေးနေ့တွင် အတိုက်အခံနိုင်ငံရေးအဖွဲ့က အခမ်းအနားကျင်းပပြီး စစ်အစိုးရလက်အောက် မြန်မာပြည်တွင် မျှော်လင့်ချက်ကင်းမဲ့နေသည်ဟု ပြောကြားလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင်ပြုလုပ်သည့် အခမ်းအနားတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေက ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ချုပ်ခေါင်းဆောင်များ လွတ်မြောက်ရေးကိုလည်း တောင်းဆိုလိုက်သည်။ အစိုးရက အပြောနှင့်အလုပ်မညီ ဟုလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။ ယနေ့ကာလနှင့် အနာဂတ် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက် ကင်းမဲ့နေသည်ဟု ဆိုသည်။ အခမ်းအနားသို့ အဖွဲ့ဝင်များ၊ သံတမန်များ စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ခဲ့သည်။
ယနေ့ ထုတ်ပြန်သည့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် “ကိုလိုနီလက်သစ်များ”က ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နေကြောင်း၊ တည်ငြိမ်မှု ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်နေကြောင်း သတိပေးထားသည်။

အခမ်းအနားပြုလုပ်ရာ အဖွဲ့ချုပ်ရုံးမြင်ကွင်း
Comments