Myanmar Journal Digests - 31st Jan 2009

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ

ဂျာနယ်ဂြိုလ် သာဂိ

ဇန်န၀ါရီ ၃၁၊ ၂၀၀၉

စာမူအဟောင်းကို ဘက်ဒိတ်နဲ့ ပြန်တင်တာပါ။ သတင်းခေါင်းစဉ် စိတ်ဝင်စားစရာလေးတွေက ဒီလို - တခါသုံး ဖုန်းကဒ်များထက် သာလွန်မယ့် သက်တမ်းတိုးဖုန်းကဒ်များ ဈေးကွက်ထဲ လာမည်။ Wi-Fi Network ကို ပြည်တွင်းက အထူးစိတ်ဝင်စား။ ပြည်တွင်းရေကြောင်းနဲ့ ကျမ်းမာရေးဝန်ကြီးဌာနတို့က ၂၀၀၉ နှစ်ဆန်းအထိ နာဂစ်ဒေသ လူနာ ၁ သိန်း ၆ သောင်း ကုသစောင့်ရှောက်ပေးခဲ့ပြီးဖြစ်။ ပြည်တွင်းထုတ် လျှပ်စစ်ကားများ ဈေးကွက်ဝင်တော့မည်။ မြန်မာပြည် နှစ်ဦးပိုင်း အအေးပိုခြင်းမှာ လေအေးစီးကြောင်း ဖြတ်နေသောကြောင့်ဟု ဆို။ ဇီဝိတဒါန သံဃာ့ဆေးရုံ သမိုင်းအကျဉ်း။ မနောရမ္မ ပညာဒါန ကျောင်းက ၁၁ နှစ်အတွင်း သင်တန်းသား ၅ သောင်း မွေးထုတ်ခဲ့။

သရီးဒီဖန်းဒ်က ပြည်တွင်း အင်န်ဂျီအို ၉ ခုကို ဒေါ်လာ ၇ သောင်းစီ ထောက်ပံ့ - ၎င်းတို့မှာ

၁။ ဖောင်တော်ဦး ပရိဟိတ ဘုန်းကြီးကျောင်း၊ ဖောင်တော်ကြီး ဇီဝက စီမံချက်

၂။ ရတနာသိဒ္ဓိ ပရဟိတကျောင်း (မိုးကုတ်) - မေတ္တာမိုး ကျန်းမာရေး စောင့်ရှောက်မှု စီမံချက်

၃။ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း

၎။ ရတနာမေတ္တာအဖွဲ့

၅။ အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်များ ကူညီပံ့ပိုးရေးအဖွဲ့

၆။ မဟေသီ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေး ငွေစုငွေချေး သမ၀ါယမအသင်း လီမီတက်

၇။ လူမှုဖွံဖြိုးတိုးတက်ရေးအသင်း

၈။ စွဲစေတတ်သော ဆေးဝါးများ သုတေသနအဖွဲ့

၉။ ကျူလီယာ မွတ်ဆလင် သာသနာ့ ရန်ပုံငွေ အဖွဲ့ - ဟောဒီမှာ ဖတ်ကြည့်ပါ့

Comments