NLD statement on Burma Union Day on 12th Feb 2009

အင်န်အယ်ဒီပါတီ ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့ အခမ်းအနား ကျင်းပ

ပြည်ထောင်စုနေ့ ကြေညာချက် ထုတ်ပြန်

မိုးမခ အထောက်တော် ၀၀၃

ဖေဖော်ဝါရီ ၁၃၊ ၂၀၀၉

ဖေဖော်ဝါရီ ၁၂တွင် ပြည်ထောင်စုနေ့ကို လည်းကောင်း၊ ဖေဖော်ဝါရီ ၁၃ တွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (မြန်မာနိုင်ငံ ကလေးများနေ့)ကို လည်းကောင်း ရန်ကုန် ရွှေဂုံတိုင်ရှိ ပါတီဌာနချုပ်ရုံးတွင် အင်န်အယ်ဒီပါတီက ကျင်းပခဲ့သည်။ ကလေးပန်းချီပြိုင်ပွဲ၊ မိန့်ခွန်းပြော ပြိုင်ပွဲ၊ သီချင်းပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပသည်ဟု ဆိုသည်။

အင်န်အယ်ဒီက ပြည်ထောင်စုနေ့ ကြေညာချက်ထုတ်ပြန်ရာတွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များနှင့် လွှတ်တော် ခေါ်ယူနိုင်ရန်၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး၊ နိုင်ငံရေး ပါတီများ လွတ်လပ်စွာ လှုပ်ရှားခွင့်ရှိရေး၊ ဖျက်သိမ်း ခံပါတီများ ပြန်လည် ရှင်သန်ခွင့်ရှိရေးတို့ကို တောင်းဆိုထားပြီး သဘာပတိ မိန့်ခွန်းတွင် ၂၀၀၈ တပ်မတော် အခြေခံ ဥပဒေကို တပ်မတော် အပါအ၀င် တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် ပြန်လည်သုံးသပ်ရေး ကော်မတီဖွဲ့စည်းရန် တိုက်တွန်းထားသည်။

ကြေငြာချက် အပြည့်အစုံကို ဒီမှာ ဖတ်နိုင်ပြီ။

ဓာတ်ပုံ - ဦးဝင်းတင်နှင့် တိုင်းရင်းသားဝတ်စုံဖြင့် ကလေးငယ်များကို တွေ့ရစဉ်

Comments