remembrance of Bogyoke

အမှတ်တရ ဗိုလ်ချုပ် (၁၉၁၅-၁၉၄၇)
မာမာအေး
ဖေဖော်ဝါရီ ၁၂၊ ၂၀၀၉

“ကိုးဆယ့်လေးနှစ်”
ပြည်ချစ်‘ဖခင်’
ရှိခဲ့ရင်ပေါ့။

ဖခင်ရယ် - -
နယ်ချဲ့လက်ဝေ
သက်ချွေခဲ့စဉ်
ဖလ်တွင်လျောင်းစက်
အိပ်ပျော်လျက်သို့
တသက်သည်ခါ
မြင်ဖူးပါလည်း
မေတ္တာစင်လူး
ကျေးဇူးဂုဏ်အင်
တွေးတိုင်းတင်မို့
ဖခင်စံပြ
‘ဗိုလ်တေဇ’လေ။

ဂီတအသည်း
အကျည်းတန်မ
နှလုံးလှမယ်
ကိုးကွယ်‘ငြိမ်းချမ်း’
‘ဗုဒ္ဓလမ်းစဉ်’
‘ဖလမ်းစဉ်’ ကြား
ခရီးသွားခဲ့၊ အားမနွဲ့။

လှုပ်လဲ့လှုပ်လီ
ရင်ချီခါးသေး
လှဆေးမဖော်
မတော်တာတွေ့
‘ဒေါင်းဓလေ့’နှင့်
ကောင်းစေ့ချင်တိုင်း
နှုတ်ရိုင်းမိမိ
‘ဖသို့ရှိ’ခဲ့။

‘ဖ’ မရှိလည်း
ရှိသည့်အလား
ထွန်စေနွားသို့
တိုင်းကားပြည်မှု
ပြည်ထောင်စုနှင့်
လူထုထဲမှာ
မေတ္တာအိမ်ဆောက်
တယောက်ထီးတည်း
‘ဖေကြီး’နောက်ပါး
ဇာနည်ဘွားလေး
လိုက်ပေးတုန်းခါ
‘မကွေး’မှာလေ။

သေတောင်မေ့ဘူး
အဖြစ်ထူးကဲ
ဖွင့်ဆဲ‘ကြေးရုပ်’
‘ဖ ဗိုလ်ချုပ်’ကား
‘ခလုတ်’လက်တင်
မနှိပ်ခင်က
ချိုမြငြိမ့်ညောင်း
ဆရာ့စောင်းဖြင့်
ဂုဏ်ပေါင်းဇေယျာ
ခစိမ့်ငှာလျှင်
လင်္ကာရတု
တေးနုသံလွင်
ဝေဟင်ပျံဝဲ
ဆိုဆဲကာလ
သမီးလှအား
သနားပိုင်ပိုင်
မစောင့်နိုင်ဟန်
အားမာန်အပြည့်
ထွက်ကြည့်သယောင်
ကြံဆောင်ဖြစ်ခြင်း
သည်အခင်းကို
ခပင်ရှင်လူ
အူအူသောသော
မိန်းမောနှုတ်ဟ
အမှတ်ရကြောင်း
ထပ်လောင်းတသ လွမ်းလိုက်ပါ့။ ။

[ ၂၀၀၉ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ၉၄ နှစ် ပြည့်မည့် ဗိုလ်ချုပ်သို့ အမှတ်တရ ရေးပါသည်။ ]

၉-၂-၀၉ တနင်္လာနေ့ မွန်းလဲ ၂း၅၁ နာရီ၊ ဖို့ဝိန်း၊ USA

Comments