ကုလသမဂ္ဂအရာရှိ အင်းစိန်ထောင်သို့ သွားမည်
မိုးမခအထောက်တော် ၀၀၂
ဖေဖော်ဝါရီ ၁၄၊ ၂၀၀၉
မိုးမခအထောက်တော် ၀၀၂
ဖေဖော်ဝါရီ ၁၄၊ ၂၀၀၉

ယနေ့ညနေပိုင်းတွင် မြန်မာပြည်သို့ ဒုတိယအကြိမ် ရောက်လာသူ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ သောမတ်စ် ကင်တားနားသည် အင်းစိန်ထောင်သို့ မကြာမီ သွားရောက် စစ်ဆေးမည်ဟု AFPသတင်းဌာနက ဆိုသည်။
အာဏာပိုင်တို့က ၎င်းရောက်မလာမီ ၁ ရက်အလိုတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦးကို ထောင် ၁၅ နှစ်စီ ချလိုက်သည်။
မကြာသေးမီကလည်း နိုင်ငံရေးသမားအများအပြားကို လျှို့ဝှက်တရားရုံးများတွင် ထောင်ဒဏ်များ ပေးခဲ့ပြီးဖြစ်သည်။
ကင်တားနားသည် မနက်ဖြန်တွင် ကရင်ပြည်နယ်သို့ သွားရောက်မည်ဟု ဆိုသည်။ သို့သော် ကျန်ခရီးစဉ်အသေးစိတ်ကို မသိရသေးပေ။
ပြီးခဲ့သည့် ခရီးစဉ်တွင် ၎င်းပြုလုပ်ခဲ့သည့် အကြံပေးချက်များနှင့် ပတ်သက်ပြီး အာဏာပိုင်တို့နှင့် ဆွေးနွေးမည်ဟု သိရသည်။
အကြံပေးချက်များထဲတွင် အကျဉ်းသားလွတ်မြောက်ရေး၊ လွတ်လပ်ပွင့်လင်းသည့် တရားစီရင်ရေး၊ စစ်တပ်အတွင်း လူ့အခွင့်အရေး သင်တန်းများ ပြုလုပ်ရေးတို့ ပါဝင်သည်ဟု ဆိုသည်။

Comments