ခွဲစိတ်မွေးဖွားသင့်သည့် မင်္ဂလာအချိန်ကို အင်တာနက်တွင် တွက်ရန်
မြန်မာဗေဒင်ဆရာများ ကြိုးစားနေ
အေပီသတင်း
မတ် ၁၆၊ ၂၀၀၉
မြန်မာဗေဒင်ဆရာများ ကြိုးစားနေ
အေပီသတင်း
မတ် ၁၆၊ ၂၀၀၉
မြန်မာပြည်မှ နက္ခတ်ပညာရှင်များသည် ကိုယ်ဝန်ဆောင် မိခင်များ ခွဲစိတ်မွေးဖွားရန် အကောင်းဆုံးအချိန်များ ပါဝင်သည့် အင်တာနက် ၀က်ဘ်ဆိုက်တခုကို စီစဉ်ပြုလုပ်နေသည်ဟု သတင်းတပုဒ်တွင် ဖော်ပြထားသည်။
ခွဲစိတ်မွေးဖွားလိုသည့်နေ့ရက်၌ မင်္ဂလာအရှိဆုံးအချိန်ကို ရွေးချယ်နိုင်မည်ဖြစ်သည်ဟူသော မြန်မာနိုင်ငံ နက္ခတ်ပညာရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဇေယျာကို၏ ပြောပြချက်ကို ယခုတပတ်ထုတ် Weekly Eleven ဂျာနယ်တွင် ကိုးကားပြီး ဖော်ပြထားသည်။
၎င်းတို့ စီစဉ်နေသည့် ၀က်ဘ်ဆိုက်ကို ဇွန်လဆန်းမှ စတင်ပြီး အခမဲ့ အသုံးပြုနိုင်မည်ဟု ဆိုသည်။
အသုံးပြုသည့်နည်းမှာ မြန်မာပြည်ရှိ မြို့နယ်ပေါင်း ၅၂၈ မြို့နယ် အနက်မှ မွေးဖွားမည့်မြို့ကို ရွေးချရမည်ဟု ဦးဇေယျာကိုက ရှင်းပြသည်။ မြန်မာဘာသာဖြင့် ကြည့်ရှုနိုင်သည်ဟု ဆိုသည်။
ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဒေသများအတွက်မူ အင်္ဂလိပ်ဘာသာဖြင့် ကြည့်ရှုတွက်ချက်နိုင်ရန် စီစဉ်နေသည်ဟု သိရသည်။
နေရာရွေးချယ်ပြီးပါက အဆိုပါ အင်တာနက်စာမျက်နှာတွင် ခွဲစိတ်မွေးဖွားရန် မင်္ဂလာရှိသည့် နေ့ရက် အချိန်ကို တွက်ချက်နိုင်မည်ဟု ဆိုသည်။

Comments