ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ နယ်စပ် ဒေသ တကျော့်ပြန် တင်းမာ
AFP သတင်းဌာန
မတ် ၁၇၊ ၂၀၀၉
AFP သတင်းဌာန
မတ် ၁၇၊ ၂၀၀၉

“မြန်မာပြည်က နယ်စပ်မှာ သိပ်မကြာခင် ခြံစည်းရိုး ကာတော့မယ့် သဘောရှိတယ်” ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး Abdul Khaleque က ပြောသည်။ မြန်မာတပ်များ နယ်စပ်ဒေသတွင် ပိုမို ဖြန့်ကျက်လျက်ရှိသည်ဟုလည်း ဆိုသည်။
ဒက္ကားမြို့ အခြေစိုက် Daily Star အင်္ဂလိပ်သတင်းစာတွင် မြန်မာတပ်များက “တရုတ်နိုင်ငံလုပ် စစ်သင်္ဘောများကို ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ပို့ထားကြောင်း” ကိုလည်း ဖော်ပြထားသည်။
နှစ်နှင့်ချီ၍ အငြင်းပွားနေသော ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်ဒေသတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ရေပိုင်နက် အငြင်း ပွားရာနေရာ၌ မြန်မာဘက်က သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်း လုံခြုံရေး အတွက် ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ခဲ့ပြီးချိန်မှစတင်၍ ပိုမိုတင်းမာလာခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံလုံးက ပိုက်နက်ရေပြင်အတွင်းသို့ စစ်သင်္ဘောများ စေလွတ်ခဲ့ကြသည်။ အခြေအနေ မဆိုးဝါးလာစေရန် နှစ်ဘက်နိုင်ငံအကြား အဆင့်မြင့် သံတမန်အဖွဲ့များ စေလွှတ်ပြီး ညှိနှိုင်း ဖြေရှင်းခဲ့ကြသည်။
Comments