Cho Saint - The Sky in need

လိုအပ်နေတဲ့ ကောင်းကင်

ချိုဆိမ့်

မတ် ၃၀၊ ၂၀၀၉

ရှေ့မှာ ကမ်းပါး

နောက်မှာ ကျား

ဒီဘဝမျိုးမှာ နေခဲ့ရတာပါ။

နေမသာတဲ့ ကောင်းကင်

မှုန်မည်းကြီး …

လမသာတဲ့ ကောင်းကင်

မဲနက်နက် …

လထွက်တဲ့ ညဆိုရင်

ကောင်းကင်က စိမ်းလို့ ပြာလို့

လွှတ်လှ။

ရေခဲနေတဲ့ စမ်းချောင်းပေါ်

အပြာရောင် တောပန်းကလေး

သွားပစ်ချတယ် …

ဆရာပွင့် ပြောသလို

ကောင်းကင် ပြာပြာလွင်လွင်

အပျော်ဦးတင်

မော်ဖူးချင်လှပါပြီ ။ ။

Comments