သခင်မကြီး ဒေါ်လှကြည် (စာရေးဆရာမကြီး ကြည်ဦး) ဈာပန
ဓာတ်ပုံသတင်း
မတ် ၂၁၊ ၂၀၀၉
၂ဝဝ၇ ခုနှစ် စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေး သံဃလှုပ်ရှားမှု နဲ့ ၂ဝဝ၈ ခုနှစ် မေလ နာဂစ် လေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားသူ ကိုဇာဂနာ၏ မိခင်ဖြစ်တဲ့ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ဒေါ်ကြည်ဦး ၈၄ နှစ် (၁၉၂၅-၂ဝဝ၉) ဟာ ၂ဝ-၃-၂ဝဝ၉ ည ၈ နာရီ ၁၅ မိနစ် အချိန်က သည်းခြေပြွန်ကင်ဆာ ရောဂါနဲ့ ရန်ကုန်မြို့ ရန်ကင်းမြို့နယ် တိုက် ၂၁၆၊ အခန်း ၆ နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ဆရာကြီး နန်းညွန့်ဆွေ
၁၉၅ဝ ပြည့်နှစ်မှာ ကြည်ဦး ကလောင်အမည်နဲ့ စာများ စတင် ရေးသားခဲ့ပြီး ၁၉၅၅ ခုနှစ်မှာ စာရေးဆရာ နန်းညွန့်ဆွေနဲ့ အိမ်ထောင် ကျခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း တရားပွဲပေါင်း ၃ဝ ကျော်မှာ မဆလ စစ်အစိုးရ ဆန့်ကျင်ရေးများ ဟောပြောခဲ့သူဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီအရေး ဦးဆောင် လှုပ်ရှား ကိုဇာဂနာ အပါအဝင် သား ၃ ဦး ထွန်းကားခဲ့ပါတယ်။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဆရာမကြီး ဒေါ်ကြည်ဦးဟာ ရန်ကင်းမြို့နယ် မဲဆန္ဒနယ်မှ တသီးပုဂ္ဂလ အမတ် အဖြစ် အရွေးခံခဲ့သူ ဖြစ်ပါတယ်။ ဆရာမကြီးဟာ စစ်အစိုးရရဲ့ ဖိနှိပ် ချုပ်ခြယ်မှုကို မတုန်လှုပ်ဘဲ ကြံ့ကြံ့ခံကာ တိုင်းပြည်၊ လူမျိုး နဲ့ မိသားစုဘဝအတွက် တာဝန် ကျေပွန်ခဲ့သူ ဖြစ်ပါတယ်။
ဈာပနကား မောင်းနှင်ပေးသူ နာရေးကူညီမှုအသင်းမှ ကိုကျော်သူ
ရေဝေး သုဿာန်တွင် တွေ့ရသော ဦးဝင်းတင်၊ ရှေ့နေ ဦးဉာဏ်ဝင်း၊ ရှေ့နေ ဦးကြည်ဝင်း နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မိတ်ဆွေများ
(မှတ်တမ်းရေးသူ- တာရာဝေယံ)
ဓာတ်ပုံသတင်း
မတ် ၂၁၊ ၂၀၀၉

၂ဝဝ၇ ခုနှစ် စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေး သံဃလှုပ်ရှားမှု နဲ့ ၂ဝဝ၈ ခုနှစ် မေလ နာဂစ် လေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားသူ ကိုဇာဂနာ၏ မိခင်ဖြစ်တဲ့ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ဒေါ်ကြည်ဦး ၈၄ နှစ် (၁၉၂၅-၂ဝဝ၉) ဟာ ၂ဝ-၃-၂ဝဝ၉ ည ၈ နာရီ ၁၅ မိနစ် အချိန်က သည်းခြေပြွန်ကင်ဆာ ရောဂါနဲ့ ရန်ကုန်မြို့ ရန်ကင်းမြို့နယ် တိုက် ၂၁၆၊ အခန်း ၆ နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဆရာမကြီးရဲ့ ဈာပနကို ယနေ့ ၂၁-၃-၂ဝဝ၉ နေ့လယ် ၁ နာရီက ရေဝေးသုဿာန်မှာ မီးသဂြိုင်္ဟ် ပြီးစီးခဲ့ပါတယ်။ ဈာပနကို နိုင်ငံရေး၊ အနုပညာ၊ စာပေ၊ ရုပ်ရှင် နယ်ပယ်အသီးသီးက ပို့ဆောင်ကြသူများနဲ့ စည်ကားခဲ့ပါတယ်။

Comments