အာဇာနည် မိခင်
ထိန်လင်း
မတ် ၂၃၊ ၂၀၀၉
ထိန်လင်း
မတ် ၂၃၊ ၂၀၀၉

အာဏာရှင်ကို ထီမထင်
အာဇာနည် မိခင်။
အမှန်တရားကို ပြောကြား
အမှားကို အမှန်မထင်
သားကောင်းရဲ့ မိခင်။
အမှောင် နဲ့ အမှားတွေအတွက်
အမှန် နဲ့ တရားကို ကိုင်စွဲ
အလံမလှဲတဲ့ စိတ်ဓာတ်
မြင့်မြတ်စွာ အသက်ရှင်
ရဲရင့်တဲ့ မိခင်။
သူရ နဲ့ သတ္တိ
အမိ နဲ့ သား
အများအတွက် တူညီ
မြန်မာပြည်အတွက် ပံ့ပိုး
ကမ္ဗည်းထိုး သမိုင်းတင်
အာဇာနည် မိခင်။ ။
၂ဝ၊ ၃၊ ၂ဝဝ၉
(ဒေါ်ကြည်ဦးသို့ ဂါရဝ)
Comments