Maung Swan Yi - U Thant, a leftist Buddhist

ဦးသန့်ရဲ့ နိုင်ငံရေးအမြင်

မောင်စွမ်းရည်

မတ် ၁၀၊ ၂၀၀၉

ခေတ်ပြိုင် အင်တာနက် စာမျက်နှာက ကူးပါသည်

ဦးသန့် လက်ဝဲ၀ါဒီလား

ဦးသန့်ကို လက်ဝဲသမား ကွန်မြူနစ်လားလို့ တချို့က တွေးကြ၊ ရေးကြ၊ မေးကြသတဲ့။ ဦးသန့်အနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှာ အလုပ်လုပ်နေတဲ့ကာလတလျှောက် ဒီလိုပဲ ထင်ကြပါတယ်။

သာမန်အားဖြင့်တော့ ဗမာလူမျိုးတွေက ဒီလိုမေးခွန်းမျိုးသာ ကြားလိုက်ရင် ပြုံးကြမှာပါ။ ဦးသန့်နဲ့ လက်ဝဲ၀ါဒဆိုတာ ဘုန်းကြီးနဲ့ ဘီးလိုပဲ၊ ဘာဆိုင်သလဲပေါ့။ ဘုရားဒကာ ဦးနုရဲ့ မိတ်ဆွေမဟုတ်လား။

Comments