Min Tha

မင်းသား
မင်းရန်ဝေး
မတ် ၁၄၊ ၂၀၀၉

ရုပ်ရည်
ဘာမှ ပြောစရာမရှိ။

အသက်အရွယ်
ငယ်ဂုဏ် အပြည့်။

အဆိုအက
သဘင်ရည် ၀ပြီးသား။

သူမှ မင်းသားစစ်စစ်
အနုပညာချစ်သူများ အားပေးပါ။

(မှတ်ချက်)
ဇာတ်ခုံပေါ် က နေတုန်း
ဗြုန်းခနဲ
ဝက်ရူး ပြန်တတ်တာလေးတခုသာ
သည်းခံ ခွင့်လွှတ်တော်မူကြပါ။ ။

Comments