| |
နှင်းဆီ ဖြူဖြူ ညံစီ မတ် ၁၉၊ ၂၀၀၉ (၁) တနေ့က အသက် ၇၀ ပြည့်ခဲ့ပြီ။ နက်ဖြန်ဆိုလျင် အိမ်ထောင်သက် အနှစ် ၅၀။ သတင်းစာတွေ ဂျာနယ်တွေမှာလို ရွှေရတုသဘင် ဆိုတာမျိုး လုပ်လို့ရသည်။ ကိုယ့်အနေအထားနှင့်က မဖြစ်။ ဆီဒိုးနား ငှားနိုင်တာတောင် လာမယ့်သူက မရှိ။ ဆိုက်ကားစီးပြီး ဆင်ဝင်အောက် သွားရပ်လို့က သင့်တော်မည် မထင်။ | |
Comments