မလေးရှားမှ မြန်မာအမျိုးသမီး နှစ်ဦးကို ဘိန်းဖြူများဖြင့် ဖမ်းမိ
Bernama သတင်းဌာန
ဧပြီ ၇၊ ၂၀၀၉
Bernama သတင်းဌာန
ဧပြီ ၇၊ ၂၀၀၉
မြန်မာအမျိုးသမီး နှစ်ဦးကို ဘိန်းဖြူများဖြင့် ကွာလာလမ်ပူ မြို့တော် Cheras မြို့ Taman Segar အရပ်တွင် ယမန်နေ့ညနေပိုင်းက ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးရမိသော ဘိန်းဖြူများမှာ ၃.၁၅ ကီလိုဂရမ်ရှိပြီး မလေးရှားရင်းဂစ် တသိန်းခွဲ တန်ဖိုးရှိသည်ဟု ဆိုသည်။
အမျိုးသမီး ၂ ဦးမှာ အသက် ၃၀ နှင့် ၃၈ နှစ်အရွယ် ရှိသူများဖြစ်ကြောင်း ကွာလာလမ်ပူ မြို့တော် မူးယစ်ဆေးဝါးစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ Kang Chez Chiang က ပြောသည်။
၎င်းတို့ ၂ ဦးကို စစ်ဆေးမေးမြန်းပြီးနောက် ဒေသခံ အမျိုးသား ၂ ဦးကို ထပ်မံ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ထိုအမျိုးသား ၂ ဦးမှာ ကုန်တိုက်တခုအနီး ရပ်နားထားသည့် ကားတစီးအတွင်း ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ဆိုသည်။
ကားအတွင်းမှ လက်ကိုင်ဖုန်း ၆ လုံး၊ မလေးရှားငွေ ၂၅၀၀ ရင်းဂစ်တို့ကိုလည်း သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။ ၁၉၅၂ ခုနှစ် အန္တရာယ်ရှိသော မူးယစ်ဆေးဝါးများ ဥပဒေ ပုဒ်မ ၃၉ ဘီ ဖြင့် စုံစမ်း စစ်ဆေးနေပြီး ထိုပုဒ်မမှာ သေဒဏ်အထိ အပြစ်ပေးနိုင်သည်ဟု ဆိုသည်။

Comments