
မြန်မာနှစ်ကူးမှာ တိုက်ခတ်လာမည့် ဘီဂျလိမုန်တိုင်းနဲ့ သဘာဝဘေးဒဏ်က ကာကွယ်ဖို့ ဘာသာရေးအစီအရင် ပြင်ဆင်နေကြ
ဓာတ်ပုံသတင်း၊ မိုးမခ အထောက်တော် ၀၀၅
ဧပြီ ၁၇၊ ၂၀၀၉
မြန်မာ နှစ်သစ်ကူးတွင် မုန်တိုင်းကို ကာကွယ်နိုင်ရန် ဘာသာရေးဘက် ဦးလှည့်နေကြသည်။ ရခိုင်ဆရာတော်တပါး၏ လမ်းညွှန်ချက် အတိုင်း ပြင်ဆင်ထားသော ကန်တော့ပွဲ တခုကို ယခု ဓာတ်ပုံတွင် တွေ့ရမည် ဖြစ်သည်။ အရေးပေါ် ပြင်ဆင်နေကြသော ကန်တော့ပွဲကို အချိန်မီ မပြင်နိုင်သူများ အနေနှင့် ဖော်ပြပါ ဓာတ်ပုံကို မိတ္တူ ထုတ်ယူပြီး ဆုတောင်းနိုင်ကြသည် ဟု ရန်ကုန်မှ သတင်းပို့သူက မှတ်ချက်ပေးထားသည်။ မော်လမြိုင်မှ ဆရာတော်တပါးက ဆီမီး ၇ တိုင် ထည့်သွင်းရန်လည်း ဖြည့်စွက် အကြံပေးထားသည်ဟု ဆိုပါသည်။
မည်သို့ပင် ဖြစ်စေကာမူ ၁၃၇၁ မြန်မာ နှစ်သစ်ကူးကို အရေးပေါ် ဘာသာရေး အစီ အမံများနှင့် တဆင့်စကား လက်ဆင့်ကမ်း သတင်း ဖြန့်ပြီး ဖြတ်ကျော်ဖို့ ဆောင်ရွက်နေကြသည့် ထူးခြားသော အဖြစ်ကို သတင်း မှတ်တမ်း အဖြစ် တင်ဆက်လိုက်ပါသည်။
Comments