Chosaint - Fire Lotus

မီးကြာ

ချိုစိမ့်

ဧပြီ ၇၊ ၂၀၀၉

မြို့ဦးစေတီနား

ကမ်းပါးက ထွက်လာတဲ့ မီးကြာ

မြစ်တစင်းလုံး ထိန်လို့။


တရွေ့ရွေ့ မျော …

ဟော … သဘောင်္ဦးနဲ့ တိုက်မလို

အနားရောက်တော့

သူ့ စီးမျောရာနဲ့ သူ။


မီးကြာလေးတွေ …

ဝါလို့ နီလို့ စိမ်းလို့

သူ့ အားမာန်နဲ့ သူတို့။


မြစ်ကမ်းနံဘေး …

ပန်းခြံကလေးကနေ

တို့တွေ ကြည့်၊ ရင်ခုန်ကြ။


သူတို့ ဘယ်ဆီရောက် မလဲ

ဘယ်အချိန်ငြိမ်း မလဲ

မေးခွန်းတွေ။


ငါ ပြောခဲ့တယ် …

ဘဝဆိုတာ မီးကြာ။


(မြောင်းမြ မီးဖောင်မျှောပွဲ အမှတ်တရ၊ သာယာဝတီ နရသိန်တွင် ခံစားပါသည်၊၊)

Comments