Nay Sue Thit - Poem

တယောက်နဲ့ တယောက်

နေဆူးသစ်

ဧပြီ ၁၂၊ ၂၀၀၉

ဥပမာ …

တစ်ယောက်က နေပူကျဲကျဲမှာ အေးမြခြင်းအကြောင်းပြော

တစ်ယောက်က ဆောင်းနှင်းသွဲ့သွဲ့မှာ နေခြည်ဖြာမှ နွေးသည့် အကြောင်းပြော

တကယ်တော့ ကျွန်တော်က အတွေ့အကြုံတွေ လိုချင်တာ။

လှေကားထစ်ကြမ်းကြမ်းလေးများပေါ် ပြေးတက်ချင်

သစ်ပင်မြင့်မြင့် ထိပ်ဖျားပေါ် တွယ်တက်ချင်

ရေစီးသန်တဲ့ စမ်းချောင်း ဟိုဘက်ကမ်းဆီ ကူးခတ်ချင်။

တခါတလေကျတော့လဲ

အတွေးအိပ်မက်တွေ မပါဘဲ

တရေးတမောလောက် နှစ်ခြိုက်စွာ အိပ်မောကျချင်။

ငိုရင် ငိုမိမှာ

ရယ်ချင်လည်း ရယ်မိမှာ။

ကိုယ့်ကိုယ်ကိုယ် ညှိရခက်သလို

တယောက်နဲ့တယောက်

တယောက်နဲ့ တယောက်ညှိရခက်သလို

ကိုယ့်ကိုယ်ကိုယ်

အများတွေနဲ့ ထပ်တူအတိုင်းပဲပေါ့

အစောဆုံး ကြုံခဲ့ရလို့

ပြန်ပြောင်း လမ်းညွှန် ရသလိုမျိုး။

Comments