Thit Kaung Eain - Dialogue with Kama Pale

ကမာပုလဲနှင့် ဂျီတော့ပေါ်မှာ စကားပြောခြင်း

သစ်ကောင်းအိမ်

ဧပြီ ၃၊ ၂၀၀၉

တကယ်တော့

ပစ်စရာဆိုလို့ ကျည်ဆံတတောင့်မှ

မကျန်တော့တဲ့ နေ့မှာ

ကိုယ့်အပေါ်ကျရောက်လာမယ့် စီရင်ချက်တရပ်ကိုပဲ

သေသေသပ်သပ် စောင့်ကြည့်နေရုံသာ။

အီိရတ်က စစ်တပ်တွေ

ရုတ်မယ် ရုတ်မယ်နဲ့ တကယ်မရုတ်ဖြစ်သေးဘူး

ငါ့ဘ၀ထဲ မင်းဆုတ်ခွာသွားပုံကတော့

တကယ့်ကို မြန်မြန်ဆန်ဆန်။

ကမာပုလဲ…

ကမာပုလဲ……တဲ့

အွန်လိုင်းပေါ်မှာ

ကဗျာဆရာကမာပုလဲက အော်ပြောတယ်

မင်းက အမေရိကန်သမ္မတတွေထက်

ပိုရက်စက်တဲ့ မိန်းမ…..

ဘဂ္ဂဒက်မြို့ပျက်ကြီးတောင်

ငါ့နှလုံးသား လောင်ကျွမ်းမှုရဲ့

အပျက်စီး အဆုးံအရှုံးတွေကို

လိုက်မမီတော့ပါဘူးကွာ တဲ။့

ဘာရယ်မဟုတ်ပါဘူး

လေတိုးသွားလို့

ငါ့ခန်းစီးစတွေ လှုပ်ခါကျန်ရစ်တာပါ။

ဘာရယ်မဟုတ်ပါဘူး

နေ့ခင်းကြောင်တောင်ကြီး

ပန်းတပွင့်နဲ့ ခလုတ်တိုက်လဲမိတာပ။ါ

ဘာရယ်မဟုတ်ပါဘူး

ရေပြောင်း မြေပြောင်းမို့

ဖျားချင် နာချင်ဖြစ်မိတာပါ။

ပန်းပဲဖိုထဲက ပေတုံးဘ၀ ရောက်သွားတဲ့

သံလမ်းဟောင်းလေး တခုလို

လူခြေတိတ်ချိန် ညရောက်တိုင်း

ဟိုး အဝေးက မီးရထားဥသြသံတွေများလား …

ယောင်ယမ်း ထထ ကြည့်တတ်တာကလွဲလို့

ဘာရယ်မဟုတ်ပါဘူး။

(၃၀၊ မတ်လ၊ ၂၀၀၉)

Comments