9th Day of Trial on DASSK

(Photo Taken on 18th May 2009)


ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင် - န၀မမြောက်နေ့

မိုးမခ

မေ ၂၈၊ ၂၀၀၉

ယနေ့ တရားခွင်တွင် ဒေါ်စုနှင့် ရှေ့နေများဖက်က သက်သေဦးကြည်ဝင်းကို တင်ပြခွင့်ရခဲ့သည်။ အခြားတင်ပြလိုသည့် သက်သေများဖြစ်သည့် ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ဒေါ်ခင်မိုးမိုးကို တရားရုံးက ငြင်းပယ်လိုက်သည်။ စစ်အုပ်စု၏ ဥပဒေကြောင်းဆိုင်ရာ အခြေအမြစ်မရှိမှုများ၊ မခိုင်လုံမှုများကို ထောက်ပြပြီး ထွက်ဆိုကြောင်း အင်န်အယ်ဒီက ပြန်ကြားခဲ့သည်။

DVB TV - Zaw Nyunt arrested by Regime's forces

တရားခွင် န၀မမြောက်နေ့တွင် အင်းစိန်ထောင်ရှေ့တွင် ဦးဇော်ညွန့်ဆိုသူ အမျိုးသားတဦးက ဒေါ်စုအား လွှတ်ပေးရန် ကြွေးကြော်ဆန္ဒပြခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်ကြံ့ဖွတ်၊ စွမ်းအားရှင်များက အကြမ်းဖက် ဖမ်းချုပ်ပြီး ရဲကားနှင့် တင်ခေါ်သွားသည်ဟု ဆိုသည်။

အန်အယ်ဒီပါတီက ယနေ့ စာအမှတ် ၁၅၊ ၀၅၊ ၀၉ ကို ထုတ်ပြန်လိုက်သည်။ ဒေါ်စုနှင့် ရှေ့နေများ လုံလောက်သော ဆွေးနွေးခွင့် မရခြင်း၊ သက်သေများ အငြင်းပယ်ခံရခြင်း၊ ခုံခံချေနိုင်ရန် လိုအပ်သော အခွင့်အရေးများ မပေးခြင်းနှင့် စစ်အုပ်စုကိုယ်တိုင်ပြဋ္ဌာန်းထားသော ဥပဒေကြောင်းများကို စစ်အုပ်စုကိုယ်တိုင် ချိုးဖောက်သည်ဟု ကြေငြာထားသည်။

မနက်ဖြန် သောကြာတွင် တရားခွင်မရှိဟု ဆိုသည်။ လာမည့် ဇွန် ၁၊ ၂၀၀၉ တနလာင်္နေ့တွင် အပြီးသတ်လျောက်ထားကြမည်ဟု သိရသည်။

(ဓာတ်ပုံ - အင်န်အယ်ဒီ ထုတ်ပြန်ချက်။ ဒီဗီဘီရုပ်သံ။ အေအက်ဖ်ပီ - ဂက်တီအင်မိတ်ဂျက်စ်)

Comments