Daw Suu update

ဒေါ်စုကို စွဲဆိုသည့်အမှု ထောင် ၅ နှစ်အထိ ချနိုင်
AFP သတင်းဌာန
မေ ၁၄၊ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ဓာတ် အလွန် ခိုင်မာနေသည်ကို တွေ့ရကြောင်း ရှေ့နေ ဦးကြည်ဝင်းက သတင်းထောက်များကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြ
င့် တရားစွဲခံထားရပြီး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်သည့် အမှု ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးက ပြောသည်။

ရှေ့နေ ဦးလှမျိုးမြင့်က သတင်းထောက်များအား ပြောရာတွင် ဒေါ်စု၏ အမှုကို လာမည့် တနင်္လာနေ့သို့ ရုံးချိန်းပေးလိုက်သည်ဟု ဆိုသည်။

ဒေါ်စုသည် သူ၏အိမ်အတွင်း အမေရိကန်နိုင်ငံသား ၀င်ရောက်ခဲ့မှုကြောင့် တရားစွဲခံရခြင်း ဖြစ်ကြောင်း၊ အဆိုပါ အမေရိကန်သည်လည်း တားမြစ်နယ်မြေသို့ ၀င်ရောက်ခြင်းအပြင်၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတို့ဖြင့် တရားစွဲ ခံရကြောင်း ရှေ့နေက ပြောသည်။

ဒေါ်စု၏ အိမ်တွင် နေထိုင်သူ ဒေါ်ခင်ခင်ဝင်း နှင့် သမီးဖြစ်သူလည်း တရားစွဲခံရသည်။ သူတို့ ၃ ဦးကို ကန့်သတ်ချက် ဖောက်ဖျက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် တရားစွဲထားသည်ဟု ဆိုသည်။

တရားစွဲခံရသူ အားလုံး အင်းစိန် ထောင်တွင် ရှိနေသည်။

Comments