Gen. Aye Myint against international community

ဗိုလ်ချုပ် အေးမြင့်က နိုင်ငံတကာကို ခြိမ်းခြောက်ပြောဆို
ဓာတ်ပုံသတင်း
မေ ၃၁၊ ၂၀၀၉
အိမ်အတွင်းသို့ လူတယောက် ၀င်ရောက်မှုကို အာဏာပိုင်များ မသိရန် ဖုံးကွယ်ထားခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲရန်မှအပ အခြားနည်းလမ်းမရှိကြောင်း
ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ် အေးမြင့်က စင်္ကာပူနိုင်ငံတွင် ပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံတခုတွင် ပြောဆို လိုက်သည်။ အဆိုပါ ညီလာခံတက်ရောက်သူများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူ့အား ၀ိုင်းဝန်း ဖိအားပေးကြသည်။ သို့သော်လည်း ဗိုလ်ချုပ် အေးမြင့်က ပြည်တွင်းရေးကိစ္စတခုကို ဥပဒေအရ ဆောင်ရွက်ခြင်းသည် ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်ခြင်းမရှိကြောင်း ပြန်လည် တုံ့ပြန်လိုက်သည်။ ၀င်ရောက်စွက်ဖက်ကြမှသာ ဒေသတွင်း ငြိမ်းချမ်းရေး နှင့် လုံခြုံရေးကို ထိခိုက်လာမည်ဟု ပြောလိုက်သည်။
ထောင်တွင်း တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော အမှုသည် အနည်းဆုံး ငွေဒဏ် ကျပ် ၅၀၀၀၊ အများဆုံး ထောင် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင်သည့် အမှု ဖြစ်သည်။ (ဓာတ်ပုံ-getty images)

Comments