May 29th 2009 - Burmese Journals Digest


ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ

ဂျာနယ်ဂြိုလ် သာဂိ

မေ ၂၉၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အုပ်စု တရားခွင်မှတ်တမ်းများ - ပြည်တွင်း သတင်းစာနဲ့ ဂျာနယ်များ ပြန်ပြောသမျှ စုဆောင်းမိသလောက် စုဆောင်းတင်ဆက်လိုက်ပါတယ်။ ဒီနေရာမှာ သွားဖတ်ပါ။

ရဲချုပ်ရဲ့ စကားအရ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၀(က) နှင့် မေ ၃၀ ၂၀၀၃ မှ နိုဝင်ဘာ ၂၇ ၂၀၀၃ အထိ ရက်ပေါင်း ၁၈၀ ထိမ်းသိန်းခြင်း၊ ထို့နောက် ပုဒ်မ ၁၀ (ခ) သို့ ပြောင်းရွှေ့ပြီး ချုပ်နှောင်ခဲ့ရာ နိုဝင်ဘာ ၂၈ ၂၀၀၃ မှ စတင်ပြီး ယခု မေ ၂၇၊ ၂၀၀၉ အထိ ၄ နှစ် ခွဲ ထိမ်းသိန်းထားခဲ့ခြင်း ဖြစ်ကြောင်း။ နောက်ထပ် ၆ လ စာ ဆက်လက်ထိမ်းသိမ်းရန် စစ်အုပ်စုမှာ အာဏာရှိသေးကြောင်း ပြက္ခဒိန်နှင့်တကွ ရှင်းပြထားပါတယ်။ ပြီးတော့ သတင်းစာထဲမှာ စစ်အုပ်စုသည် လမ်းညွှန်မြေပုံအတိုင်း ဆောင်ရွက်နေရာ အကျဉ်းသား ၁ သောင်းခွဲ လွှတ်ပေးပြီးနောက် ၂၀၁၀ တွင် အဆင့် ၅ အဖြစ် ရွေးကောက်ပွဲကို မပျက်မကွက် ကျင်းပပေးသွားမယ်လို့ ထပ်လောင်း ပြောလိုက်ပါသေးတယ်။

Comments