
အင်န်အယ်ဒီပါတီက ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်စွာ ဆေးကုသခွင့်ရှိသင့်ကြောင်း ထုတ်ဖော်ပြောဆို
မိုးမခ အထောက်တော် ၀၀၄
မေ ၁၃၊ ၂၀၀၉
မေလ ၁၂ ရက်စွဲဖြင့် အင်န်အယ်ဒီ ပါတီဌာနချုပ် ကြေငြာချက်အမှတ် ၇၊ ၅၊ ၉ ဖြင့် ထုတ်ပြန်ရာတွင် နေအိမ်အကျယ်ချုပ်ခံထားရသူ ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တွင် ကျန်းမာရေးအတွက် လွတ်လပ်စွာ ဆေးကုသခွင့်ရှိကြောင်း၊ စစ်အစိုးရ၏ အကျယ်ချုပ် တားမြစ်မှု၏ သတ်မှတ်ချက်တွင် သံရုံးများ၊ နိုင်ငံရေးပါတီများနှင့် ဆက်သွယ်မှု မပြုလုပ်ရန်နှင့် ပြင်ပသို့ သွားရောက်ခြင်း၊ အဆက်အသွယ်လုပ်ခြင်းများ မပြုလုပ်ရန်သာ တားမြစ်ထားကြောင်း၊ ကျန်းမာရေးအတွက် ဆေးကုသခွင့်ကို တားမြစ်ထားခြင်း လုံးဝမရှိကြောင်း ထုတ်ဖော်ပြောဆိုထားပြီး မေလ ၁၁ ရက် ဗဟိုအလုပ်မှုဆောင်များ၏ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် အညီ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို အထူး စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
၂၀၀၈ အောက်တိုဘာလက ဒေါ်အောင်ဆ န်းစုကြည်အား အကျယ်ချုပ်ထိန်းသိမ်းခြင်းကို ရှေ့နေဖြင့် အယူခံတင်သွင်းခဲ့ရာ ၂၀၀၉ ဧပြီ ၃၀ က စစ်အစိုးရက ကြားနာမှုမပြုဘဲ ပယ်ချခဲ့ကြောင်းကို ယခုပါတီ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
(ဓာတ်ပုံ - အင်န်အယ်ဒီ၏ ကြေငြာချက် မိတ္တူ၊ ပေးပို့သူ - ဇော်မိုးအောင် (ကိုရီးယား))
Comments