swine-flu death toll rises to 44

တုပ်ကွေးရောဂါကြောင့် ယနေ့အထိ ၄၄ ဦး သေဆုံး
Reuters ဓာတ်ပုံသတင်း
မေ ၇၊ ၂၀၀၉

တုပ်ကွေးရောဂါကြောင့် ယနေ့အထိ ၄၄ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO)က ယနေ့ ကြေညာသည်။
တက္ကဆက်ပြည်နယ်၊ Harlingen မြို့မှ Judy Trunnell (အသက် ၃၀) ၏ ပုံ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ဤအမျိုးသမီးသည် တုပ်ကွေးရောဂါသစ်ကြောင့် ဒုတိယမြောက် သေဆုံးသူဖြစ်သည်။ နိုင်ငံတလွှားတွင် ရောဂါပိုး ပျံ့လျက်ရှိရာ ကူးစက်ခံရသူ ၆၄၂ ဦး ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။
မက္ကဆီကို နိုင်ငံမြို့တော်မှ ခရီးသည်များအနက် တချို့မှာ မျက်နှာဖုံးစွပ် များ ၀တ်ဆင်ပြီး ရောဂါ ကာကွယ်ရေး လုပ်ဆောင်နေကြသည်။ ဤနိုင်ငံမှ A/H1N1 တုပ်ကွေး ရောဂါ အစပြုခဲ့ခြင်း ဖြစ်သည်။ မက္ကဆီကိုတွင် ၄၂ ဦး သေဆုံးပြီးဖြစ်သည်။ ရောဂါ ကူးစက်ခံခဲ့ရသူ ၁၁၁၂ ဦး ရှိသည်ဟု ဆိုသည်။

Comments