Burmese Cartoonist (U) Pe Thein passed away at 85 today


ကာတွန်းဆရာကြီး (ဦး) ဖေသိန်း ၈၅ နှစ် ကွယ်လွန်

မိုးမခ

ဇွန် ၁၉၊ ၂၀၀၉

ယနေ့ နံနက် ၄ နာရီ ခန့်အချိန်က မြန်မာပြည်၏ ဂန္ထ၀င် စာနယ်ဇင်းကာတွန်းဆရာကြီး ဦးဖေသိန်းကွယ်လွန်ခဲ့သည်ဟု မိုးမခက ကြားသိရပါသည်။ မြန်မာပြည်၏ ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းတို့၏ သံမဏိသက်ရှည် ကာတွန်းဆရာကြီး၊ ကလေးသူငယ်များအတွက် ပုံပမာကာတွန်းပုံပြင်စာအုပ်များ ရေးသားဖန်တီးရှင်၊ ကိုလိုနီခေတ် မြန်မာကာတွန်း၏ ရှေ့ဆောင် ရွှေရိုးဘကလေး၊ ဦးဟိန်စွန်း၊ ဦးဘဂျမ်းတို့၏ နောက်ပိုင်း မြန်မာကာတွန်းသမိုင်းကြီး၏ သက်ရှိရာဇ၀င်ကြီးအဖြစ် ဒေါင်ဒေါင်မြည် သက်တော်ရှည်ကာတွန်းဆရာကြီး အဖြစ် မားမားမတ်မတ် ရပ်တည်ခဲ့သူ ကာတွန်းဆရာကြီး (ဦး) ဖေသိန်း ကွယ်လွန်ခဲ့သည့်အတွက် မိုးမခစာနယ်ဇင်းအဖွဲ့က မိသားစုနှင့် ထပ်တူ၊ မြန်မာပြည်၏ စာပေနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ကလောင်လက်နက်စွဲကိုင်ကြသူ မြန်မာစာနယ်ဇင်း ကာတွန်းဆရာများနှင့် ထပ်တူ ၀မ်းနည်းကြေကွဲကြောင်း မှတ်တမ်းပြုလိုက်ပါသည်။

သည်နေရာတွေမှာ မိုးမခက တင်ဆက်ခဲ့သည့် ဆရာကြီးနှင့် ပတ်သက်သည့်စာများ ပြန်လည်ဖတ်ရှုနိုင်ပါသည်။

(၁) ကာတွန်းဖေသိန်း ဘ၀အကြောင်း တစေ့တစောင်း (မိုးမခ) ၂၀၀၈)

(၂) ကာတွန်းဖေသိန်း ၈၅ နှစ် ပြည့်တော့မည် (၂၀၀၉)

(၃) ကာတွန်းဖေသိန်း ၈၅ နှစ် ပြည့် (၂၀၀၉)

(၄) ကာတွန်းဖေသိန်းနှင့် ဆန် ကာတွန်း (၂၀၀၈)

(၅) ၃၃ ကြိမ်မြောက် ကာတွန်းဆရာကြီးများ ပူဇော်ပွဲ (၂၀၀၈)

(၆) ကာတွန်းဖေသိန်း ၈၄ နှစ်ပြည့် မြင်ကွင်း (၂၀၀၈)

(၇) ကာတွန်းဆရာ ရယ်စရာလား - ငွေစင်ယော် (၂၀၀၈)


Comments