Days in the Rain

မိုးရေထဲကနေ့များ
အေအမ်တီ
ဇွန် ၂၄၊ ၂၀၀၉

ဒီနေ့
ငါတို့ ဦးနှောက်တွေထဲက
ပွင့်ထွက်လာကြ ထီးများ -----။

အရောင်အသွေးစုံတယ်။

အပွင့်အခက်စုံတယ်။

တကိုယ်စာ လုံခြုံမှုမှာ
ငါတို့ ရင်ခုန်ပုံခြင်း တူခဲ့ကြတယ်။

လျှပ်တစ်လက်
မိုးတစ်ခြိမ်းမှာ
ငါတို့ဦးနှောက်တွေ
ပုဝင်သွားပုံချင်းလဲ တူခဲ့ကြတယ်။

မိုးစီးဖိနပ်တွေ
ပြောင်းလဲစီးလာကြပုံမျိုး
ငါတို့ စဉ်းစားပုံတွေ
အခုထိ မပြောင်းလဲနိုင်ကြသေးဘူး။

သေချာပါတယ်လေ ----
ဒီတစ်မိုးကုန်ရင်တော့
ငါ့တို့ ရင်ခုန်ပုံတွေ
ပြောင်းလဲတန်ကောင်းပါရဲ့လို့ ။ ။


Comments