NLD and Burmese People marked DASSK 64


အင်န်အယ်ဒီပါတီဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် ၆၄ မွေးနေ့ ကျင်းပ

မိုးမခ ဓာတ်ပုံသတင်း

ဇွန် ၁၉၊ ၂၀၀၉

ယနေ့ ရန်ကုန်မြို့၊ ဗဟန်း ရွှေဂုံတိုင်ရှိ အင်န်အယ်ဒီပါတီဌာနချုပ်တွင် ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ အဖွဲ့ချုပ်လူငယ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မိသားစုများနှင့် ပါတီ၏ အမျိုးသမီး ခေါင်းဆောင်များဖြင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့် မွေးနေ့ နှင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

အများပြည်သူလူထုနှင့် မြို့နယ်၊ တိုင်းအသီးသီးမှ အတိုက်အခံပါတီဝင်များ၊ နိုင်ငံရေးလှုပ်ရှားသူများနှင့် သပိတ်မှောက်ကံဆောင် သံဃာတော်များကလည်း ဘုရား ကျောင်းကန်များ၊ ကျောင်းနှင့် အိမ်ဝင်း အသီးသီးတို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကောင်းမှုကုသိုလ်များ၊ ဆုတောင်းပွဲများ စုဝေးပြုလုပ်ကြသည်ဟု ဆိုသည်။

Comments