Burmese in NYC to protest for DASSK Freedom showing their solidarity

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် နယူးယောက်ကမြန်မာတို့ ဆန္ဒပြမည်

မိုးမခရွာဆော်ကြီး

ဇူလိုင် ၃၀၊ ၂၀၀၉

လာမည့်သောကြာတွင် တရားရုံးက စီရင်ချက်ချမည့် ဒေါ်အောင်ဆန်းစုကြည်အမှုကို မတရားကြောင်း၊ ကန့်ကွက်ကြောင်းနှင့် ချက်ချင်းလွှတ်ပေးရန် ဆန္ဒပြပွဲကို နယူးယောက်ရှိ မြန်မာ စစ်မစ်ရှင်ရုံးရှေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ဘားမားပွိုင့်အဖွဲ့က နှိုးဆော်ထားသည်။ မနက်ဖြန် ညနေ ၄ နာရီခွဲတွင် 10 East, 77th St. NY 10021 ရှေ့တွင် စုဝေးကြမည်ဟု ဖိတ်ကြားစာတွင် ဖော်ပြထားသည်။ ထိုအချိန်သည် မြန်မာစံတော်ချိန် သောကြာ မနက်ခင်းဖြစ်ရာ တရားရုံးက အမိန့်ချမည့် အချိန် ၁၀ နာရီနှင့် အနီးကပ်ဆုံး ရွေးချယ်ခြင်း ဖြစ်သည်။ ပြည်ပရောက် မြန်မာမိသားစုများ၊ အသိုင်းအ၀ိုင်းများက ထိုသို့ ကန့်ကွက်ဆန္ဒပြပွဲများ ယခုရက်သတ္တ၌ လုပ်ကြလိမ့်မည်ဟု အများက ခန့်မှန်းကြသည် ဆို၏။ http://moemaka.com/index.php?option=com_content&task=view&id=4542&Itemid=99999999

Comments