နာဂစ်မိဘမဲ့ ကလေးသူငယ်များ စောင့်ရှောက်ရေး ရန်ပုံငွေက ကလေးစာရင်းထုတ်ပြန်
မိုးမခ အထောက်တော် ၀၀၂
ဇူလိုင် ၂၄၊ ၂၀၀၉
မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက်ဆရာတော်များနှင့် ဒါယကာ၊ ဒါယကာမများ၏ အလှူဒါနနှင့် စေတနာ့ဝန်ထမ်းအလုပ်တခုဖြစ်သည့် နာဂစ်မိဘမဲ့ ကလေးသူငယ်များ စောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့က နောက်တိုးကလေးသူငယ်များ စာရင်းထုတ်ပြန်ရာတွင် ယခင် စာရင်း ၅၆၀ ဦးမှ ၅၇၅ ဦးအထိ တိုးလာကြောင်း သိရှိရသည်။ ၎င်းတို့အနက် ဦးရေ ၅၀ ခန့်အတွက် လစဉ်ထောက်ပံ့မည် အလှူရှင် လိုအပ်နေဆဲဖြစ်ကြောင်း စာရင်းများအရ သိရသည်။ ထိုရန်ပုံငွေတွင် ကလေးတဦး လစဉ် အမေရိကန်ဒေါ်လာ ၁၀ နှုန်းဖြင့် ကလေး၏ လူမှုရေး၊ ပညာရေး ထောက်ပံ့မှုအလှူ ပြုနိုင်ကြောင်း ၎င်းအင်တာနက်စာမျက်နှာ - http://childaidmyanmar.org တွင် ဖော်ပြထားသည်။
Comments