ဒေါ်စု၏ ရုံးချိန်း တပတ်နောက်ဆုတ်
Reuters သတင်းဌာန
ဇူလိုင် ၃၊ ၂၀၀၉
Reuters သတင်းဌာန
ဇူလိုင် ၃၊ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းကို ရုံးလုပ်ငန်းအမှားအယွင်းတခုကြောင့် တပတ် ရွှေ့ဆိုင်းလိုက်သည်ဟု သိရကြောင်း သူ၏ ရှေ့နေက ပြောသည်။
“ဗဟိုတရားရုံးချုပ်က အမှုတွဲဖိုင်တွေကို အောက်ရုံးကို ချမပေးဘူး။ ဒါကြောင့် ရုံးချိန်းကို ဇူလိုင်လ ၁၀ ရက်နေ့ကို ရွှေ့လိုက်တယ်လို့ သိရပါတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက သတင်းထောက်များကို ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီဖြစ်ရပ်ကို အံ့သြနေတယ်” ဟု ဆိုသည်။
ဤသို့ ရွှေ့ဆိုင်းလိုက်ခြင်းသည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာပြည်သို့ ၂ ရက်ကြာခရီး လာရောက်မှုနှင့်လည်း တိုက်ဆိုင်နေသည်။

Comments