Trial on DASSK postponed again to 11th August

ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန်း သြဂုတ်လ ၁၁ သို့ ထပ်မံရွှေ့ဆိုင်း

အေပီသတင်း
ဇူလိုင် ၃၁၊ ၂၀၀၉

တရားရုံးက ၀န်ထမ်းတဦး၏ အဆိုအရ ဒေါ်စုရုံးချိန်းကို သြဂုတ်လ ၁၁ ရက်သို့ ရွှေ့ဆိုင်းလိုက်သည်ဟု ဆိုသည်။ ၎င်းသည် တရားရုံးအတွင်းသို့ ၀င်ရောက်ခွင့်ရသူ မဟုတ်သဖြင့် တရားရုံး၏ အသေးစိတ်အဖြစ်အပျက်ကို မပြောနိုင်ပေ။ အင်းစိန်ထောင်တရားရုံး ပြင်ပတွင် လုံခြုံရေးထူထပ်စွာ ချထားပြီး အတိုက်အခံများ၊ စာနယ်ဇင်းသမားများနှင့် နိုင်ငံရေးစိတ်ဝင်စားသူ လူထုတို့ကလည်း ရောက်ရှိနေသည်ဟု သိရသည်။

Comments