| |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြင်တွေ့ဖွယ်ရှိတဲ့ ဖြစ်ရပ်များ မောင်ရွှေ မေ ၁၉၊ ၂၀၀၉ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ရေကူးဝင်ရောက်ခဲ့မူနှင့် ပတ်သက်ပြီး မေလ ၁၄ ရက်နေ့မှာ ပုဒ်မ ၂၂/၁၀၉ ဖြင့် နအဖက တရားစွဲဆိုလိုက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းများကြောင့် လူထု အတွင်း နိုင်ငံရေး နိုးကြားမှု အရှိန်အဟုန် တစ်ခု ပေါ်ပေါက်လာနေတာကို ယနေ့ မြင်တွေ့နေရပါတယ်။ တချိန်တည်းမှာလည်း တွေ့ဆုံ ဆွေးနွေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်လို့ နအဖရဲ့ အတွင်းသရုပ်သဏ္ဌာန် ဘယ်လိုရှိတယ် ဆိုတာ ပိုမိုပေါ်လွင်လာနေတာကိုလည်း တနေ့တခြား တွေ့မြင်နေရပါတယ်။ ဒီအချက်ဟာ NLD ရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် နအဖက ဘယ်လို တုံ့ပြန်မှာလဲ ဆိုတာ စောင့်ကြည့်နေသူများအတွက် အဖြေ ရှာတွေ့နိုင်ပြီ ဖြစ်သလို NLD ကလည်း ဘယ်လိုများ ဆက်လျှောက်လှမ်းမှာလဲ ဆိုတာ တွေးကြည့်မိပါတယ်။ | |
အဴပည့္အစုံသိုႛ ... |
Comments