Miss Universe 2009

၂၀၀၉ ခုနှစ် မယ်စကြာဝဠာ ဗင်နီဇွဲလားမှရရှိ

ဓာတ်ပုံသတင်း

၅၈ ကြိမ် မယ်စကြာဝဠာရွေးချယ်ပွဲကို ဘဟားမားကျွန်းနိုင်ငံ(Bahamas) Paradise Island resort ၌ သြဂုတ်လ ၂၃ ရက် က ကျင်းပခဲ့ရာ ဗင်နီဇွဲလားနိုင်ငံမှ အသက် ၁၈ နှစ်အရွယ် စတက်ဖနီယာ ဖာနန်းဒပ်စ် (Stefania Fernandez) က မယ်စကြာဝဠာသရဖူကို ရရှိသွားသည်။ အလှမယ်များနှင့် လူသိထင်ရှားသည့် ဗင်နီဇွဲလားနိုင်ငံသည် နှစ်နှစ်ဆက်တိုက် ကမ္ဘာ့မယ်ဘွဲ့ကို ရရှိခြင်းဖြစ်ပြီး စုစုပေါင်း မယ်စကြာဝဠာဆု ခြောက်ကြိမ်တိုင် ရရှိခဲ့ပြီးဖြစ်သည်။

ယခုနှစ်တွင် နိုင်ငံတကာမှ မယ် ၈၃ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲဝင် ငါးဦး၌ ဒိုမီနိကန်ရီပတ်ပလိ(Dominican Repulbic)၊ သြစထေးလီးယား(Austria)၊ ပေါ်တိုရီကို(Puerto Rico) နှင့် ကော့ဆိုဗို (Kosovo) နိုင်ငံတို့မှ မယ်များ ပါဝင်ခဲ့သည်။


Comments