အမေရိကန်က မြန်မာ့အရေး ကွင်းဆင်းပြီး အချက်အလက် စုနေ
ဓာတ်ပုံသတင်း
သြဂုတ် ၂၉၊ ၂၀၀၉
ယမန်နေ့က အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော် ဆက်သွယ်ရေး အရာရှိ Lynne Well နှင့် အဖွဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ သွားရောက်ပြီး မြန်မာပြည်ရေးရာများကို ဆွေးနွေးခဲ့သည်။ ဤအတောအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အမေရိကန် သံရုံး နှင့် ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ရုံးကလည်း မြန်မာ့အရေး လှုပ်ရှားသူများကို ဖိတ်ခေါ်ပြီး ထိုသို့ ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ စစ်အစိုးရကို စီးပွားရေး ပိတ်ဆို့သည့် နည်းဖြင့် အရေးယူထားသည့် အမေရိကန်အစိုးရက ၎င်းတို့၏ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်မည်ဟု ကြေညာထားသည်။ (ဓာတ်ပုံ-AP)
ဓာတ်ပုံသတင်း
သြဂုတ် ၂၉၊ ၂၀၀၉

Comments